မွန်ပြည်သစ်ပါတီ၏စစ်သားစရင်းကို လိုက်လံကောက်ယူပေးဖို့ စစ်အစိုးရက မွန်ပြည်နယ် ရပ်ရွာလူကြီးများကို ညွှန်ကြားထားကြောင်း ရပ်ရွာလူကြီးများ၏အဆိုအရ သိရသည်။
စရင်းကောက်ယူရန် ကျေးရွာလူကြီးများအား မြို့နယ်မယကမှ ညွှန်ကြားထားပြီးဖြစ်ကြောင်းနှင့် (၂၀၀၇)ခုနှစ် ဒီဇင်ဘာလတွင် ကောက်ယူရရှိသောတပ်သားစရင်းကို တင်ပြဖို့ အချိန်ပါသတ်မှတ်ထားသည်။ သံဖြူဇရပ်မြို့နယ်ရှိ ကျေးရွာလူကြီးတစ်ဦး၏အဆိုအရ “ခါတိုင်းနှစ်တွေလည်း စရင်ကောက်ဖို့ ခိုင်းဖူးတယ်၊ ဒါပေမဲ့ ပြန်တင်ပြဖို့ အချိန် မပြောဘူး၊ အခုက မြို့နယ်မရယကလည်း နောက်ဆုံးတင်ပေးရမဲ့အချိန်နဲ့ ညွှန်ကြားလာတော့ ခါတိုင်းထက် တင်းကျပ်တယ်၊ စာပို့ပြီး ညွှန်ကြားလာ” ကြောင်း ပြောသည်။
သံဃာတော်တို့၏လမ်းထွက်ဆန္ဒပြပွဲတွေ မော်လမြိုင်မြို့ပေါ်မှာ ဖြစ်လာပြီးနောက် မွန်ပြည်သစ်ပါတီမှလည်း ထိုသတင်းကြားသိရကြောင်း ပြောသည်။
“ကျနော်တို့ဆီကလည်း တပ်သားစရင်း သူတို့(နအဖ)လာတောင်းဖူးတယ်၊ အခြား ရယကတို့ မယကတို့ အကူအညီကတဆင့်လည်း ကျေးရွာတွေမှာ လိုက်ကောက်တာရှိတယ်လို့ ကျနော်တို့ကြားတယ်”လို့ မွန်ပြည်သစ်ပါတီ ပြောခွင့်ရပုဂ္ဂိုလ် နိုင်အောင်မငေး ပြောသည်။
မြို့နယ်အဆင့်မှ ရေး၊ ကော့ကရိတ်၊ ဘီလူးကျွန်း၊ သံဖြူဇရပ်မြို့နယ်တို့တွင် စရင်လိုက်လံကောက်ယူရန် ညွှန်ကြားထားပြီးဖြစ်ကြောင်း သိရသည်။
“ပွိုင်ဍုင်ကုႝနင်လိက် သွက်ဂွံကေတ်စရင်ကောန်ဗော်ဂှ် ယဿု၊ အာယုက်၊ ယဿုမိမကောန်ဗော်၊ ကဆံင်ပႜဲဗော် ဒးပါဏောင်”ဂှ် ညးဇှော်အရာပ် လ္တူဍုင်ရေဝ်မွဲတၜ ဟီုရ။ “မြို့နယ်က စာနဲ့ ပို့လာတာ၊ အဓိကပါရမဲ့အချက်ကတော့ အမည်၊ အသက်၊ မိဘအမည်၊ ရာထူးအဆင့် ပါရမယ်ပေါ့” ရေးမြို့နယ် ရပ်ကွက်လူကြီးတစ်ဦးက ပြောသည်။
မွန်ပြည်သစ်ပါတီ အပစ်အခတ်ရပ်စဲထားချိန် အခုလိုအချိန်တွင် ထိုင်းဖုန်းတပ်ဆင်ထားသူများ၊ ငွေလွှဲငွေပို့သူများ၊ ကားသမားများကဲ့သို့ စီးပွားရေးသမားများစွာ ပါတီနှင့် ပူးတွဲအလုပ်လုပ်ကိုင်နေကြသောကြောင့် ယခုတပ်သားစရင်းလိုက်လံကောက်ယူနေမှုအပေါ် စိုးရိမ်ကြောင်း ကျေးရွာတွင် ထိုင်းဖုန်းတပ်ဆင်ထားသူတစ်ဦးက ဆိုသည်။ “အခုလိုအပစ်ရပ်ထားချိန်မှာ စီးပွားရေးသမားတွေ ဒီမွန်ပြည်သစ်ပါတီနဲ့ လက်တွဲအလုပ်လုပ်နေသူ အများကြီး ရှိတယ်၊ အခြားလူမျိုး ဗမာရော၊ ထားဝယ်ရော၊ ကရင်လူမျိုးတွေရော တွဲလုပ်နေကြတဲ့သူတွေ အများကြီးဘဲ၊ အကယ်လို့ အခုလို စရင်းလိုက်ကောက်မယ်ဆိုတာလည်း ကျနော်တို့လုံခြုံရေးအတွက် ရပ်ရွာလူကြီးတွေမှာအများကြီး မူတည်နေပါတယ်”လို့ ထိုဖုန်းပိုင်ရှင်က ပြောကြားသည်။
မွန်ပြည်နယ်ရှိ ထိုင်းဖုန်းပိုင်ရှင် အများစုမှာ အစိုးရရပ်ရွာလူကြီးများနှင့် လုပ်ငန်းချောမွေ့စေရန် မွန်ပြည်သစ်ပါတီလူကြီးတစ်ဦးဦး၏အမည်ဖြင့် လုပ်ကိုင်နေကြသည်။ အလားတူ ကားသမားများ၊ လိုင်စင်မဲ့ဆိုင်ကယ်များ လည်း မွန်ပြည်သစ်ပါတီ အမည်ခံယူကာ သွားလာနေကြရသောကြောင့် ယခုလို အစိုးရဘက်မှ တပ်သားစရင်းလိုက်လံ ကောက်ယူနေသည်မှာ မိမိတို့လုံခြုံရေးအတွက် စိုးရိမ်မိကြောင်းနှင့် လက္ခဏာကောင်း မဟုတ်ကြောင်း ဘုရားသုံးဆူမြို့မှ ကားသမားတစ်ဦးက ပြောသည်။
No comments:
Post a Comment