Friday, November 16, 2007

မွန်ပြည်သစ်ပါတီ၏ ထုတ်ပြန်ကြေငြာချက်(၁၆၊ ၁၁၊ ၂၀၀၇)

ဒေါ်အောင်ဆန်းစုကြည်၏ ကြေငြာချက်သဘောထားကို ဆန့်ကျင်ပြီး စစ်အစိုးရ၏အမျိုးသားညီလာခံကို ထောက်ခံကြောင်း စစ်အစိုးရက အပစ်ရပ်အဖွဲ့များ၊ နိုင်ငံရေးအဖွဲ့အစည်းများကို လိုက်လံစည်းရုံးသဘောထားရယူပြီး ထုတ်ပြန်နေစေခြင်းကိစ္စရပ်အပေါ် မိမိတို့မွန်ပြည်သစ်ပါတီ၏ သဘောထား

ကျွန်တော်တို့နိုင်ငံတွင် ဒီကနေ့အထိ ဖြစ်ရှိနေသောနိုင်ငံရေးပြဿနာများကို နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေးဖြေရှင်းကြမှသာ ပြေလည်နိုင်မည်ဟု မိမိတို့ပါတီမှ ရှုမြင်ပါသည်။ ထို့ကြောင့်လည်း မိမိတို့ပါတီက စစ်အစိုးရနှင့်အပစ်အခတ်ရပ်စဲခဲ့ခြင်း ဖြစ်ပါသည်။

ပြီးခဲ့သောအမျိုးသားညီလာခံ၌ ကျွန်ပ်တို့ပါတီအနေနှင့် မိမိတို့၏အမြင်၊ သဘောထားများနှင့် တိုင်းရင်းသားလူမျိုးစုများ၏အခွင့်အရေးများအတွက် တင်ပြတောင်းဆိုခဲ့ပြီး ဖြစ်ပါသည်။ သို့ပေမယ့်လည်း စစ်အစိုးရမှ မိမိတို့၏တောင်းဆိုချက်များကို လက်မခံ၊ အသိအမှတ်မပြုခဲ့သောကြောင့် မိမိတို့ပါတီအနေနှင့် အမျိုးသားညီလာခံကို တရားဝင်ကိုယ်စားလှယ်စေလွှတ်ခြင်း ရပ်ဆိုင်းကာ လေ့လာသူအနေနှင့်သာ စေလွှတ်တက်ရောက်စေခဲ့ပါသည်။

ဒေါ်အောင်ဆန်းစုကြည်၏ ထုတ်ပြန်ကြေငြာချက်ပါ “နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေးရေး “နှင့် ပတ်သတ်သည့်သဘောထားကို မိမိတို့ပါတီအနေနှင့် မူအရ ထောက်ခံပါသည်။ လက်တွေ့အရ ဘယ်လိုဖြစ်လာမည်၊ ဘယ်လိုအကောင်အထည်ဖော်သွားမည်ဆိုတာကို မိမိတို့အနေနှင့် အလေးထားပြီး စောင့်ကြည်သွားပါမည်၊ နိုင်ငံရေးပြဿနာကို တွေ့ဆုံဆွေးနွေးဖြေရှင်းကြရာမှာ တိုင်းရင်းသားလူမျိုးစုတွေလည်း ပါဝင်မှသာ ပြီးပြည့်စုံသည့်ပြေလည်မှုကို ရရှိနိုင်မည်ဟု မိမိတို့ပါတီအနေနှင့် ခိုင်ခိုင်မာမာ ယုံကြည်ပါသည်။

ဗဟိုအလုပ်အမှုဆောင်ကော်မတီ

မွန်ပြည်သစ်ပါတီ

ရက်စွဲ - ၁၆/၁၁/၀၇

ဆက်ဖတ်ရန်...

Thursday, November 15, 2007

မွန်ပြည်သစ်ပါတီ ပြောခွင့်ရပုဂ္ဂိုလ် နိုင်အောင်မငေး နှင့် Kaowao Newsgroup တွေ့ဆုံမေးမြန်းချက်


နအဖဥက္ကဋ္ဌရဲ့ ကိုယ်စားလှယ် ဒုတိယ ဗိုလ်ချုပ်ကြီး ရဲမြင့် တိုင်းရင်းသားအပစ်ရပ်အဖွဲ့များနှင့် တွေ့ဆုံနေမှုအပေါ် မွန်ပြည်သစ်ပါတီ ပြောခွင့်ရပုဂ္ဂိုလ် နိုင်အောင်မငေး နှင့် Kaowao Newsgroup တွေ့ဆုံမေးမြန်းချက်


Kaowao - အောက်တိုဘာ(၂၄)ကစပြီးတော့ စရဖက ဒုတိယ ဗိုလ်ချုပ်ကြီး ရဲမြင့်က တိုင်းရင်းသားအပစ်ရပ် အဖွဲ့အတော်များများကို တွေ့ဆုံပြီးပြီ။ မွန်ပြည်သစ်ပါတီကိုရော လာရောက်တွေ့ဆုံဖို့ အကြောင်းကြားထားတာ ရှိလား?

နိုင်အောင်မငေး - ကျနော်တို့ကို တွေ့ဆုံဖို့ အကြောင်းကြားထားတာတော့ရှိတယ်၊ ဒါပေမဲ့ ဘယ်နေ့ဘယ်အချိန်မှာ တွေ့ဆုံဖြစ်မယ်လို့ တရားဝင်အကြောင်းကြားထားတာတော့ မရှိသေးဘူး။ ရက်အတိအကျတော့ မရှိသေးပါဘူး။

Kaowao - ကေအိုင်အေ ခွဲထွက်အဖွဲ့ဖြစ်တဲ့ မထူးနော်အဖွဲ့တို့ကိုပါ ဒီဒု-ဗိုလ်ချုပ်ကြီး ရဲမြင့်က အကုန်တွေ့ဆုံနေ တာကြားသိရတယ်၊ အခုလာတွေ့ဆုံတာလဲ နအဖဥက္ကဌကြီးကိုယ်တိုင်က တရားဝင်ကိုယ်စားလှယ်အဖြစ် နဲ့ဆိုတော့ မွန်ပြည်သစ်ပါတီဘက်ကရော ဘာများတင်ပြဖို့ ပြင်ဆင်ထားတာရှိလဲ?

နိုင်အောင်မငေး - ဒ႘ဒုတိယ ဗိုလ်ချုပ်ကြီးအဆင့်အနေနဲ့ ကျနော်တို့ကို တစ်ခါမှတွေ့ဆုံခဲ့တာမရှိပါဘူး၊ လာရောက်တွေ့ ဆုံတယ် ဆိုတာက ထူးခြားမှုတော့ ရှိပါတယ်၊ ခါတိုင်းဆို ကျနော်တို့ကနေတဆင့် ရန်ကုန်ကိုသွားပြီး တွေ့ဆုံရတာဘဲ ရှိဖူးတယ်၊ ဒီလို ဒုတိယဗိုလ်ချုပ်ကြီးအနေနဲ့ ကျနော်တို့ဒေသမှာ ဒီလိုလာရောက်တွေ့တာလဲ သူတို့ဘက်က မေးခွန်း ထုတ်ဖို့ဘဲ ရှိပါတယ်။ ကျနော်တို့ဘက်က ပြင်ဆင်ထားတာကတော့ ဒီနိုင်ငံရေးဦးတည်ချက်လမ်းကြောင်းပေါ်မှာဘဲ ရှိပါတယ်။ ဒီတွေ့ဆုံဆွေးနွေးရေး အဖြေရှာဖို့ဘဲ၊ ဒီတွေ့ဆုံဆွေးနွေး လမ်းကြောင်း ဖြစ်မြောက်အောင် တကယ့်စေတနာ အမှန်နဲ့ တကယ်တိတိကျကျလုပ်ဆောင်ဖို့ဘဲ ကျနော်တို့ အကြံပြုမှာပေါ့နော်။

Kaowao - ဒီကာလအတွင်းမှာ နအဖတို့က သူတို့နဲ့ ပြဿနာ တစ်စုံတစ်ရာ မတက်ရလေအောင် လာရောက် ဆွေးနွေးနေတာလို့ ပြည်ပအကဲခတ်တွေက ပြောနေကြပါတယ်။ ဘာကြောင့် အခုအခြေအနေမျိုးမှာမှ တိုင်းရင်းသား အပစ်ရပ်အဖွဲ့တွေနဲ့ လာတွေ့ဆုံရတာလဲလို့ မွန်ပြည်သစ်ပါတီအနေနဲ့ ထင်ပါသလဲ။

နိုင်အောင်မငေး - အခုတွေ့ဆုံတဲ့ပုံစံက တကယ့်ထူးထူးခြားခြားလို့ ဆိုရမှာဘဲ၊ ကာလအခြေအနေနဲ့လည်း ထူးထူးခြား ခြား ရှိပါတယ်။ ဒီစက်တာဘာလ ဆန္ဒပြမှုအပြီးရယ်၊ အမျိုးသားညီလာခံရဲ့ဆွေးနွေးမှုအပြီးရယ်ပေါ့၊ ကျနော်တို့ဘက်က ပြင်ဆင်မှုအနေနဲ့က တိုင်းရင်းသားပြည်သူတွေရဲ့အခွင့်အရေးတွေ၊ ပြည်သူတွေကောင်းစားဖို့အတွက် မျှော်လင့်ပြီးတော့ ကျနော်တို့က (၉၅)ခုနှစ်ကတည်းက အပစ်အခတ်ရပ်စဵခဲ့တာပါ၊ ကျနော်တို့အနေနဲ့က နိုင်ငံရေးကို နိုင်ငံရေးနည်းအရဘဲ တွန်းအားပေးသွားမှာပါ။ ဒီceasefire ကို အကြောင်းမဲ့ ကျနော်တို့ဘက်က ဖောက်ဖျက်ဖို့ မရည်ရွယ်ပါဘူး။

Kaowao - နအဖ နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ ဆက်လက်ပြီး တွေ့ဆုံဆွေးနွေးပွဲတွေ လုပ်သွားမယ်လို့ ပြောပါ တယ်။ မွန်ပြည်သစ်ပါတီက ဒီဆွေးနွေးပွဲကို ဘာကြောင့်ကြိုဆိုတာလဲ။ အကောင်းဘက်ကို ဆောင်လာနိုင်တဲ့ဆွေးနွေးပွဲ လို့ ထင်ပါသလား?

နိုင်အောင်မငေး - တွေ့ဆုံဆွေးနွေးရေး ဆိုတဲ့ဆန္ဒကိုကတည်းက ကျနော်တို့မွန်ပြည်သစ်ပါတီက ကြိုဆိုပါတယ်၊ တွေ့ ဆုံဆွေးနွေးရေးအမြင်ပေါနော်၊ ဒါပေမဲ့ ဒီတွေ့ဆုံဆွေးနွေးရေးလုပ်ဖို့အတွက်ကို ဒီအကန့်အသတ်တွေ ထားထားတာ မသင့်လျော်ဘူး၊ မဖြစ်သင့်ဘူး၊ ဒီအကန့်အသတ်တွေ ထားထားခြင်းအားဖြင့် ဒီတွေ့ဆုံဆွေးနွေးရေးကို အဟန့်အတား အများကြီးဖြစ်စေတယ်၊ ဒီတွေ့ဆုံဆွေးနွေးပွဲ မဖြစ်အောင်ကို နအဖဘက်က တမင်တကာ လုပ်ထားသလို ဖြစ်နေတယ်၊ တကယ်လို့များ တကယ့်စေတနာမှန်မှန်နဲ့ တွေ့ဆုံဆွေးနွေးပွဲလုပ်မယ်၊ ဒီအကန့်အသတ်တွေကြောင့် တွေ့ဆုံဆွေးနွေးပွဲ အထမမြောက်နိုင်ဘူး ဆိုပြီးတော့လည်း စိုးရိမ်စိတ်တွေ မထားသင့်ပါဘူး၊ ဒါ့ကြောင့် ဒီတွေ့ဆုံဆွေးနွေးပွဲကို ဘယ် လောက်လက်တွေ့ကျကျလုပ်မလဲ ဆိုတဲ့အပေါ်မှာဘဲ အရေးကြီးပါတယ်။

Kaowao - နအဖ နဲ့ ဒေါ်စုတို့ တွေ့ဆုံဆွေးနွေးတဲ့အပေါ်မှာ တိုင်းရင်းသား အပစ်ရပ်အဖွဲ့တစ်ဖွဲ့အနေနဲ့ ဘာများ မျော်လင့်နိုင်ပါသလဲ?

နိုင်အောင်မငေး - တွေ့ဆုံဆွေးနွေးပွဲကတော့ တကယ့်လုပ်သင့်လုပ်ထိုက်တဲ့အခြေအနေ၊ အချိန်အခါက ပေးလာ ပြီးလေ၊ ဒါကြောင့် တွေ့ဆုံဆွေးနွေးပွဲကို အမြန်ဆုံးလုပ်သင့်နေပါပြီ၊ ပြည်သူလူထုတို့ရဲ့ဆန္ဒ၊ နိုင်ငံတကာကတောင်းဆိုလာ မှုကိုလည်း လေးစားခြင်းအားဖြင့် လုပ်သင့်ပါပြီ၊ အတူတကွ ပူးပေါင်းဆောင်ရွက်ပြီး ကောင်းမွန်တဲ့အဖြေတစ်ခုကို ရှာသင့် ပါတယ်၊

Kaowao - နအဖက သူတို့ရဲ့လမ်းပြမြေပုံ(၇)ချက်အတိုင်း သွားမယ်လို့ လာအို နဲ့ ဗီယက်နမ်နိုင်ငံက ပြန်လာတဲ့ နအဖဝန်ကြီးချုပ် သိန်းစိန်ကလဲ သတင်းစာမှာ ပြောနေတယ်။ တဖက်ကလဲ ဆက်ဆံရေးဝန်ကြီးနဲ့ ဒေါ်အောင်ဆန်းစု ကြည်တို့နဲ့ တွေ့ဆုံဆွေးနွေးရေးတွေ လုပ်နေတယ်ဆိုတော့ အပစ်ရပ်တိုင်းရင်းသားအဖွဲ့တွေ အနေနဲ့ရော မိမိတို့ရဲ့ပြတ် သားတဲ့ခံယူချက်၊ ယုံကြည်ချက်တစ်ခုခုနဲ့ ဒီအချိန်မှာ မရပ်တည်သင့်ဘူးလား?

နိုင်အောင်မငေး - ကျနော်တို့မွန်ပြည်သစ်ပါတီအနေနဲ့ ဒီတွေ့ဆုံဆွေးနွေးပွဲ လုပ်ဖို့ ကျနော်တို့အမြဲတမ်း ပြောနေ၊ တောင်းဆိုနေတဲ့အရာတစ်ခုပါ၊ ဒါက ကျနော်တို့ရဲ့ နိုင်ငံရေးဦးတည်ချက်မှာလည်း ထည့်ထားတယ်၊ အဖြေရှာဖို့ ဒီတွေ့ဆုံ ဆွေးနွေးရေးထက် ကောင်းတဲ့နည်းလမ်းလည်း မရှိပါဘူး၊ တကယ်လို့များ နအဖဘက်က ဒီလမ်းပြမြေပုံအတိုင်း သွားမယ် ဆိုရင် ကောင်းမွန်တဲ့အဖြေရလာဒ်တစ်ခု ပေါ်လာမှာမဟုတ်ပါဘူး၊ ဘာဖြစ်လို့လဲဆိုတော့ ဒီလမ်းပြမြေပုံအတိုင်း သွားမယ် ဆိုရင် ပြည်သူ့ကိုယ်စားလှယ်များရဲ့ပါဝင်မှုအခန်းကဏ္ဍကိုလည်း လျစ်လျူရှုထားသလို ဖြစ်နေတယ်၊ တိုင်းရင်းသားတို့ရဲ့ အခန်းကဏ္ဍကိုလည်း လျစ်လျူရှုထားရာရောက်နေတယ်၊ (၅/၉၆)ကို ကြည့်ခြင်းအားဖြင့်လည်း လူထုရဲ့ ပါဝင်မှုအခန်း ကဏ္ဍကိုလည်း အကန့်အသတ်ထားထားတယ်၊ နောက်ပြီး ဆွေးနွေးပွဲရလာဒ်ကို ကျနော်တို့ကြည့်ခြင်းအားဖြင့် ဓမ္မဓိဌာန် မကျပါဘူး၊ ဒီလမ်းပြမြေပုံအတိုင်း သွားနေမယ်ဆိုရင် တိုင်းပြည်ကောင်းစားဖို့အတွက်၊ ဖွံ့ဖြိုးသာယာတဲ့နိုင်ငံတစ်ခု တည် ထောင်ဖို့အတွက် ဒါဟာကောင်းတဲ့ရလာဒ်တစ်ခု မဟုတ်ပါဘူး၊ ဒါကြောင့် ကျနော်တို့အနေနဲ့ကလည်း ပြတ်ပြတ်သားသား ပါဘဲ၊ တွေ့ဆုံဆွေးနွေးပွဲကို လုပ်ပါ၊ ဒီတွေ့ဆုံဆွေးနွေးရေးကနေဘဲ သုံးပွင့်ဆိုင်ဆွေးနွေးရေးဖြစ်လာအောင် လုပ်ကြပါ၊ ကျနော်တို့က အမျိုးသားညီလာခံမှာကတည်းက အပြုသဘောဆောင်မဲ့ကောင်းတဲ့ရလာဒ် ထွက်လာမှာမဟုတ်လို့ ညီလာ ခံကိုယ်စားလှယ် စေလွှတ်နေတဲ့အဆင့်ကနေ လေ့လာသူအဆင့်ဘဲ တက်ရောက်တာလည်း ကျနော်တို့က ပြတ်ပြတ် သားသား လုပ်ခဲ့ပြီးပြီပေါ့၊

Kaowao - ကုလသမဂ္ဂရဲ့ အခန်းကဏ္ဍ ပါဝင်မှုကို လျှော့ကျပြီး ကိုယ်ပြည်တွင်းရေးကို ဖြေရှင်းဖို့ နအဖက အားထုတ်လာတဲ့အပေါ်မှာရော ဘယ်လိုမြင်ပါသလဲ။

နိုင်အောင်မငေး - နအဖအနေနဲ့ အခုအချိန်မှာမှ ကုလသမဂ္ဂရဲ့ပါဝင်မှုကို လျှော့ချပြီတော့ အဖြေရှာဖို့ကြိုးစားလာတာ လည်း မသင့်လျော်ပါဘူး၊ ဘာဖြစ်လို့လဲဆိုတော့ ကျနော်တို့နိုင်ငံအနေနဲ့ ဒီဂလိုဘယ်လိုက်စေးရှင်းခေတ်ထဲမှာ ဒီလိုအထီး ကျန်ပုံစံမျိုး နေလို့မသင့်တော့ပါဘူး၊ အခြားနိုင်ငံတို့နဲ့ဆက်စပ်ပြီးတော့ နေရမယ်၊ ဒါကြောင့် ကျနော်တို့နိုင်ငံမှာ တစ်နေ့ ထက်တစ်နေ့ အခက်အခဲတွေ ကျန်းမားရေး၊ ပညာရေး၊ စီးပွားရေး၊ လူမှုရေးမှအစ ကပ်ဘေးဒုက္ခအများကြီးနဲ့ ကြုံတွေ့ လာတဲ့အခါကျရင် ကျနော်တို့ကို မပြစ်ပယ်ဘဲ ဖေးမကူညီကြဖို့၊ ဆွဲခေါ်ဖို့၊ ဝိုင်းဝန်းဖြေရှင်းပေးဖို့ အလွန်အရေးကြီးပါတယ်၊ ဒါကြောင့် ကျနော်တို့က အထီးကျန်စွာ မနေဘဲ နိုင်ငံတကာအလယ်ရဲ့အားပေးကူညီမှုတွေ၊ စာနာမှုကိုလည်း အလေး အနက်ထားသင့်ပါတယ်၊ ကုလသမဂ္ဂရဲ့အဆုံးအဖြတ်အတိုင်း၊ ဒီယူအန်အက်စ်စီရဲ့အကြံပြုချက်အတိုင်း သုံးပွင့်ဆိုင်ဆွေး နွေးရေးဟာ အကောင်းဆုံးဖြစ်ပါတယ်၊ နိုင်ငံတကာရဲ့လမ်းညွှန်မှုအတိုင်း ကျနော်တို့ တိတိကျကျ သွားသင့်ပါတယ်၊

Kaowao - ဒေါ်အောင်ဆန်းစုကြည်ရဲ့ကြေငြာချက်မှာ တိုင်းရင်းသားတို့ရဲ့အခန်းကဏ္ဍကိုလဲ အလေးအနက်ထား ကြောင်း ဖော်ပြထားတယ်။ ဒီနအဖရဲ့ကန့်သတ်ချက်ကြားများ တွေ့ဆုံဆွေးနွေးရေး လမ်းကြောင်းပေါ်ရောက်ဖို့ ဒေါ်စု အနေနဲ့ စွမ်းဆောင်နိုင်ပါ့မလား?

နိုင်အောင်မငေး - ဒါကတော့ နအဖရဲ့သဘောထားအမြင်အပေါ်မှာဘဲ မူတည်ပါတယ်၊ သူတို့က Dialogue ဖြစ်ဖို့အခြေ အနေ၊ ဖြစ်စေချင်တဲ့ဆန္ဒ၊ ဖြစ်စေချင်တဲ့ဆန္ဒအပေါ်မှာဘဲ မူတည်ပါတယ်၊ Dialogue ဖြစ်စေချင်တဲ့ဆန္ဒစေတနာက မမှန် ကန်ဘူးဆိုရင်၊ Dialogue ဆိုတဲ့စကားလုံးနဲ့အမည်ခံပြီးတော့ တခြားလုပ်ငန်းတွေဘဲဆက်လုပ်သွားနေမယ်ဆိုရင် ဒါက သမိုင်းစာမျက်နှာအထက်မှာရော ရာဇဝင်ဆိုးတစ်ခု တွင်သွားပါလိမ့်မယ်၊ ဒါကြောင့် ဒီDialogue ကို အခြေပြုပြီးတော့ လှည့်စားမှု မပြုကြပါနဲ့၊ စေတနာမှန်မှန်ကန်ကန်နဲ့ ပြည်သူတို့ရဲ့အကျိုး၊ တိုင်းပြည်ရဲ့အကျိုး မနစ်နာစေဖို့ အထူးရှေ့ရှုပြီး တော့ ဒီတွေ့ဆုံဆွေးနွေးရေးလမ်းကြောင်းအတိုင်း သွားသင့်ပါတယ်။

Kaowao - အခြားဘဝတူတိုင်းရင်းသားအဖွဲ့အစည်းတွေကိုရော ဘာများတိုက်တွန်းချင်တာရှိပါသလဲ?

နိုင်အောင်မငေး - ကိုယ့်ပြည်သူတွေရဲ့စစ်မှန်တဲ့အကျိုးကိုဘဲ ကြည့်ကြပါ၊ မှန်မှန်ကန်ကန် ရပ်တည်ကြပါ၊ တိုင်းပြည်အကျိုးအတွက်ဆိုရင် အားပေးကူညီကြပါ၊

မှတ်ချက်။ ။Kaowao သတင်းဌာနမှ တာဝန်ခံအယ်ဒီတာ Asohn Vi တွေ့ဆုံမေးမြန်းသည်။

ဆက်ဖတ်ရန်...

Monday, November 12, 2007

နိုင်ငံခြားအလုပ်သမားများ၏အခြေခံအကျဆုံးအခွင့်အရေးများပါ ထိုင်းအစိုးရ ပိတ်ပင်ပြီ

Kaowao နိုဝင်ဘာ ၁၃ ၂၀၀၇


ထိုင်းနိုင်ငံအတွင်းသို့ အလုပ်လုပ်ကိုင်နေကြသော နိုင်ငံခြားသားအလုပ်သမားများ၏ဘာသာရေးဆိုင်ရာ ရိုးရာပွဲလမ်းသဘင်ကျင်းပခွင့်ကိုပါ မဟာချဲာဒေသတွင် ထိုင်းအစိုးရက တားမြစ်ပိတ်ပင်လိုက်ကြောင်း သိရသည်။

နိုဝင်ဘာ(၁၂) မနေ့က ဖမ်းဆီးခံရသော

မြန်မာအလုပ်သမား

များ

(ပုံ

-တာနေရှင်း

သတင်းစာ)


ဘန်ကောက်မြို့ အနီး မဟာချဲာ ခေါ် စမွတ်စခွန်စရိုင်ရှိ ရေလုပ်ငန်းများတွင် အလုပ်လုပ်ကိုင်နေကြသူများကို ဘာသာရေးဆိုင်းရာပွဲလမ်းသဘင်ကျင်းပခွင့်အပါအဝင်၊ မည်သည့်ရိုးရာစာပေ၊ ယဉ်ကျေးမှုပွဲတော် အထိမ်း အမှတ်မျိုးမှ ကျင်းပခွင့်ပေးတော့မည်မဟုတ်ကြောင်း ကြေငြာချက်ကို လွန်ခဲ့သောအောက်တိုဘာလ (၂၆)ရက်နေ့စွဲဖြင့် စမွတ်ခခွန်ခရိုင်မှူးး နိုင်ဝ႘ရယွတ် အီယမ်အမ်ပါ က လက်မှတ်ထိုးထုတ်ပြန်ထားသည်။


နိုင်ငံခြားသားအလုပ်သမားသိန်းချီတို့ကြောင့် နောက်ဆွဲတွဲပြဿနာ အကျိုးဆက်များ ဖြစ်သောကျန်းမာရေးပြဿနာ၊ နိုင်ငံမဲ့ကလေးပြဿနာများ၊ ဒုစရိုက်မှုခင်းများ၊ ဥပဒေချိုးဖောက်မှုများအပြင် ယခုနောက်ဆုံးရိုးရာယဉ်ကျေးမှုပွဲတော်များကိုလည်း ကျင်းပပြုလုပ်နေကြသည်မှာ နိုင်ငံတော်တည်ငြိမ်ရေး နှင့် ခေတ္တနေထိုင်လုပ်ကိုင်ခွင့်ပေးထားသောရည်ရွယ်ချက်တို့ကိုပါ ထိခိုက်စေသည်ဟု မြန်မာအလုပ်သမားများအား ကြောငြာချက်ထဲတွင် စွပ်စွဲထားသည်။


ထို့ကြောင့် အလုပ်ရှင်များအနေနှင့်လည်း မိမိတာဝန်ယူထားသောနိုင်ငံခြားအလုပ်သမားများ၏ အပြုအမူများကို ဥပဒေနှင့်အညီ တင်းကျပ်စွာ ကိုင်တွယ်ကြရန်၊ ကျူးလွန်ဖောက်ဖျက်လာပါက ဥပဒေအရ ပြတ်သားစွာ အရေးယူခြင်းခံရမည်ဖြစ်ကြောင်း နှင့် ဘာသာရေးဆိုင်ရာ ရိုးရာပွဲလမ်းသဘင်များကို ကျင်းသခွင့်ပေးတော့မည်မဟုတ်ကြောင်း စက်ရုံ၊ အလုပ်ရုံများတွင်လည်းကောင်း၊ နေရီနာ(www.naewna.com)အင်တာနက်စာမျက်နှာတွင်လည်းကောင်း ရေးသားထားသည်။


ထိုင်းနိုင်ငံရှိ အစိုးရမဟုတ်သောအဖွဲ့အစည်းများက ယခုပိတ်ပင်လိုက်သည့်ကိစ္စကို ထိုင်းအစိုးရအနေဖြင့် ပြန်လည်သုံးသပ်ပေးရန် ယခုလ(၁၉)ရက်နေ့တွင် နိုင်ငံခြားသားအလုပ်သမားများ၏စာပေနှင့်ယဉ်ကျေးမှုဆိုင်ရာအခြေခံအခွင့်အရေးများအတွက် ထိုင်းအလုပ်သမားရေးရာအရာရှိများနှင့်ဆွေးနွေးပွဲပြုလုပ်ရန်ရှိကြောင်း စမွန်စခွန်မှ အလုပ်သမားအရေးကူညီနေသူတစ်ဦး ပြောသည်။ “အခုလို နိုင်ငံခြားသားအလုပ်သမားများရဲ့ကိုယ်ပိုင်စာပေ နဲ့ ယဉ်ကျေးမှုဆိုင်ရာအခြေခံအကျဆုံး အခွင့်အရေးတွေကိုတောင် ထိုင်းအစိုးရက တားမြစ်ပိတ်ပင်လာတာကို အစိုးရမဟုတ်တဲ့အဖွဲ့အစည်းတွေက ထိုင်းအစိုးရကို ပြန်လည်တရားစွဲဖို့ အခုပြင်ဆင်နေတယ်၊ ဒီလ(၁၉)ရက်နေ့ကျရင် ဘန်ကောက်မှာ ထိုင်းအစိုးရနဲ့ဆွေးနွေးဖို့လဲ ရှိတယ်” ထိုသူက ပြောသည်။


ဘာသာရေး ဆိုင်ရာပွဲလမ်းများကိုလည်း ကန့်သတ်လာခြင်း၊ ကျင်းပခွင့်မပေးခြင်းအပေါ် ဘန်ကောက်အခြေစိုက် မွန်လူငယ်အစည်းအရုံး(ထိုင်နိုင်ငံ) ဥက္ကဌ နိုင်အောင်ဘန်ချွန်က မြန်မာနိုင်ငံသားများကို ဖိနှိပ်ခြင်းပင်ဖြစ်ကြောင်း နှင့် ယခုလိုလူမျိုးရေးခွဲခြားဆက်ဆံခြင်းကို ပြန်လည်သုံးသပ်ပေးရန် နိုဝင်ဘာ(၁၁)ရက်နေ့က တာနေရှင်း သတင်းစာတွင် တောင်းဆိုလိုက်သည်။


စမွန်စခွန်ခရိုင်တွင် မြန်မာနိုင်ငံသားအလုပ်သမားဦရေ၏(၇၅)ရာခိုင်နှုန်းကျော်မှာ မြန်မာနိုင်ငံတောင်ပိုင်းမှ မွန်လူမျိုးများ ဖြစ်ကြကြောင်း မွန်အဖွဲ့အစည်းများက ယုံကြည်ကြသည်။


နိုဝင်ဘာ(၁၂) မနေ့က ထိုင်းရဲများက မဟာချဲာအရပ်ရှိ မြန်မာအလုပ်သမားအယောက်(၈၀၀)နီးပါးကို အလုပ်လုပ်ခွင့်မှတ်ပုံတင် ဝင်ရောက်စစ်ဆေးခဲ့ရာ (၁၁၆)ဦး အလုပ်သမားမှတ်ပုံတင်မရှိကြောင်း တွေ့ရှိပြီး ဖမ်းဆီးသွားကြောင်း တာနေရှင်းသတင်းစာက ဒီကနေ့ ဖော်ပြထားသည်။


စမွတ်စခွန်ခရိုင်တွင် လွန်ခဲ့သောလမှစ၍ အလုပ်သမားများအား ဖမ်းဆီးနေမှုများသည် နေ့စဉ်လိုလို ဖြစ်ပွားနေကြောင်း အလုပ်သမားများ၏ကျန်းမာရေးကို ကူညီပေးနေသူတစ်ဦးက ပြောကြားသည်။


လွန်ခဲ့သောလတွင်လည်း ထိုင်းရဲအင်အား(၇၀၀)ကျော်ဖြင့် စမွတ်စခွန်ခရိုင်ရှိ ငါးလုပ်ငန်းစက်ရုံများအတွင်း အလုပ်လုပ်ကိုင်နေကြသော မြန်မာနိုင်ငံသားအယောက် (၁၂၀၀)ကျော်ကို ဖမ်းဆီးခဲ့သည်။

ဆက်ဖတ်ရန်...

နအဖတို့ မွန်ပြည်သစ်ပါတီတပ်သားစရင်း နအဖတို့ လိုက်ကောက်နေ

Kaowao နိုဝင်ဘာ ၁၂၊ ၂၀၀၇


မွန်ပြည်သစ်ပါတီ၏စစ်သားစရင်းကို လိုက်လံကောက်ယူပေးဖို့ စစ်အစိုးရက မွန်ပြည်နယ် ရပ်ရွာလူကြီးများကို ညွှန်ကြားထားကြောင်း ရပ်ရွာလူကြီးများ၏အဆိုအရ သိရသည်။


စရင်းကောက်ယူရန် ကျေးရွာလူကြီးများအား မြို့နယ်မယကမှ ညွှန်ကြားထားပြီးဖြစ်ကြောင်းနှင့် (၂၀၀၇)ခုနှစ် ဒီဇင်ဘာလတွင် ကောက်ယူရရှိသောတပ်သားစရင်းကို တင်ပြဖို့ အချိန်ပါသတ်မှတ်ထားသည်။ သံဖြူဇရပ်မြို့နယ်ရှိ ကျေးရွာလူကြီးတစ်ဦး၏အဆိုအရ “ခါတိုင်းနှစ်တွေလည်း စရင်ကောက်ဖို့ ခိုင်းဖူးတယ်၊ ဒါပေမဲ့ ပြန်တင်ပြဖို့ အချိန် မပြောဘူး၊ အခုက မြို့နယ်မရယကလည်း နောက်ဆုံးတင်ပေးရမဲ့အချိန်နဲ့ ညွှန်ကြားလာတော့ ခါတိုင်းထက် တင်းကျပ်တယ်၊ စာပို့ပြီး ညွှန်ကြားလာ” ကြောင်း ပြောသည်။


သံဃာတော်တို့၏လမ်းထွက်ဆန္ဒပြပွဲတွေ မော်လမြိုင်မြို့ပေါ်မှာ ဖြစ်လာပြီးနောက် မွန်ပြည်သစ်ပါတီမှလည်း ထိုသတင်းကြားသိရကြောင်း ပြောသည်။


“ကျနော်တို့ဆီကလည်း တပ်သားစရင်း သူတို့(နအဖ)လာတောင်းဖူးတယ်၊ အခြား ရယကတို့ မယကတို့ အကူအညီကတဆင့်လည်း ကျေးရွာတွေမှာ လိုက်ကောက်တာရှိတယ်လို့ ကျနော်တို့ကြားတယ်”လို့ မွန်ပြည်သစ်ပါတီ ပြောခွင့်ရပုဂ္ဂိုလ် နိုင်အောင်မငေး ပြောသည်။


မြို့နယ်အဆင့်မှ ရေး၊ ကော့ကရိတ်၊ ဘီလူးကျွန်း၊ သံဖြူဇရပ်မြို့နယ်တို့တွင် စရင်လိုက်လံကောက်ယူရန် ညွှန်ကြားထားပြီးဖြစ်ကြောင်း သိရသည်။


“ပွိုင်ဍုင်ကုႝနင်လိက် သွက်ဂွံကေတ်စရင်ကောန်ဗော်ဂှ် ယဿု၊ အာယုက်၊ ယဿုမိမကောန်ဗော်၊ ကဆံင်ပႜဲဗော် ဒးပါဏောင်”ဂှ် ညးဇှော်အရာပ် လ္တူဍုင်ရေဝ်မွဲတၜ ဟီုရ။ “မြို့နယ်က စာနဲ့ ပို့လာတာ၊ အဓိကပါရမဲ့အချက်ကတော့ အမည်၊ အသက်၊ မိဘအမည်၊ ရာထူးအဆင့် ပါရမယ်ပေါ့” ရေးမြို့နယ် ရပ်ကွက်လူကြီးတစ်ဦးက ပြောသည်။


မွန်ပြည်သစ်ပါတီ အပစ်အခတ်ရပ်စဲထားချိန် အခုလိုအချိန်တွင် ထိုင်းဖုန်းတပ်ဆင်ထားသူများ၊ ငွေလွှဲငွေပို့သူများ၊ ကားသမားများကဲ့သို့ စီးပွားရေးသမားများစွာ ပါတီနှင့် ပူးတွဲအလုပ်လုပ်ကိုင်နေကြသောကြောင့် ယခုတပ်သားစရင်းလိုက်လံကောက်ယူနေမှုအပေါ် စိုးရိမ်ကြောင်း ကျေးရွာတွင် ထိုင်းဖုန်းတပ်ဆင်ထားသူတစ်ဦးက ဆိုသည်။ “အခုလိုအပစ်ရပ်ထားချိန်မှာ စီးပွားရေးသမားတွေ ဒီမွန်ပြည်သစ်ပါတီနဲ့ လက်တွဲအလုပ်လုပ်နေသူ အများကြီး ရှိတယ်၊ အခြားလူမျိုး ဗမာရော၊ ထားဝယ်ရော၊ ကရင်လူမျိုးတွေရော တွဲလုပ်နေကြတဲ့သူတွေ အများကြီးဘဲ၊ အကယ်လို့ အခုလို စရင်းလိုက်ကောက်မယ်ဆိုတာလည်း ကျနော်တို့လုံခြုံရေးအတွက် ရပ်ရွာလူကြီးတွေမှာအများကြီး မူတည်နေပါတယ်”လို့ ထိုဖုန်းပိုင်ရှင်က ပြောကြားသည်။


မွန်ပြည်နယ်ရှိ ထိုင်းဖုန်းပိုင်ရှင် အများစုမှာ အစိုးရရပ်ရွာလူကြီးများနှင့် လုပ်ငန်းချောမွေ့စေရန် မွန်ပြည်သစ်ပါတီလူကြီးတစ်ဦးဦး၏အမည်ဖြင့် လုပ်ကိုင်နေကြသည်။ အလားတူ ကားသမားများ၊ လိုင်စင်မဲ့ဆိုင်ကယ်များ လည်း မွန်ပြည်သစ်ပါတီ အမည်ခံယူကာ သွားလာနေကြရသောကြောင့် ယခုလို အစိုးရဘက်မှ တပ်သားစရင်းလိုက်လံ ကောက်ယူနေသည်မှာ မိမိတို့လုံခြုံရေးအတွက် စိုးရိမ်မိကြောင်းနှင့် လက္ခဏာကောင်း မဟုတ်ကြောင်း ဘုရားသုံးဆူမြို့မှ ကားသမားတစ်ဦးက ပြောသည်။

ဆက်ဖတ်ရန်...